ဝိပဿနာကိုယ်တွေ့ (လွတ်မြောက်သူတို့၏ အမှာစကားများနှင့် အခြားဆောင်းပါးများ) [ဒေါက်တာအောင်မြင့်]
ဝိပဿနာတရားအလုပ်ကို အားမထုတ်ဘဲ တရားငါးပုဒ်လောက် နာရုံနဲ့ အပါယ်လွတ်နိုင်ပြီ၊ အရိယာဖြစ်ပြီလို့ ပြောတာတွေ တွေ့ရ ကြားခဲ့ ရတယ်။
ပရိသတ်သောင်းချီပြီး လာနာတဲ့ တရားပွဲတွေ ဆက်တိုက်ဟောခဲ့တဲ့ မိုးကုတ်ဆရာတော်ကြီးက တရားနာပရိသတ်ထဲမှာ တရားရမဲ့သူ အရေအတွက် အလွန်နည်းကြောင်း ပြောခဲ့ဖူးတယ်။
မြတ်ဗုဒ္ဓရဲ့ တရားဦး ဓမ္မစကြာကို ဝါဆိုလပြည့်နေ့မှာ ဟောကြားတဲ့ အခါ တရားနာသူ ပဉ္စဝဂ္ဂီငါးဦးထဲမှာ အရှင်ကောဏ္ဍည တစ်ဦးပဲ အရိယာ သောတာပန် ဖြစ်တယ်။ ကျန်သူတွေကို ဘုရားရှင်က ဝိပဿနာ ရှုမှတ် အားထုတ်စေလို့ ဝါဆိုလဆုတ် တစ်ရက်နေ့မှာ အရှင်ဝပ္ပ၊ နှစ်ရက်နေ့မှာ အရှင်ဘဒ္ဒိယ၊ သုံးရက်နေ့မှာ အရှင်မဟာနာမ်၊ လေးရက်နေ့မှာ အရှင်အဿဇိတို့ အသီးသီး သောတာပန် အရိယာတွေ ဖြစ်တယ်လို့ ဖတ်ရတယ်။
ဘုရားရှင်ရဲ့ လက်ဦးသာဝကတွေတောင် ကိုယ်တိုင်အားထုတ်မှ တရားရကြတာဆိုတော့ ခုလို အချိန်မှာ တရားနာရုံနဲ့ အရိယာဖြစ် အပါယ် လွတ်မယ် ဆိုတာ အလွန်ဖြစ်နိုင်ခဲမယ် ထင်ပါတယ်။
တရားတွေနာပြီး၊ တရားအားထုတ်နည်းတွေ လေ့လာပြီး၊ တရား စခန်းတွေ ဝင်ပြီး လက်တွေ့အားထုတ်သူတွေတောင် လူတိုင်း တရားရကြတာ မဟုတ်ပါ။
ကိုယ့်အကြောင်းကို ကိုယ်တိုင်ရှုမှ သိလိမ့်မယ်
တရားရဖို့က တရားကို တကယ်တန်ဖိုးထား လိုချင်စိတ်ရှိဖို့ လိုပါ တယ်။ တန်ဖိုးရှိတာကို ရဖို့အတွက် အရင်းအနှီးတော့ လုပ်ရပါမယ်။ စွန့်စားဖို့ လိုပါတယ်။ ရချင်တာအတွက် လက်ရှိ confort zone ကို စွန့်ခွာနိုင်ဖို့ လိုပါတယ်။ တရားမရရင် မဖြစ်တော့ဘူးလို့ ထိတ်လန့်တဲ့ သံဝေဂ ဖြစ်ဖို့ လိုပါတယ်။
ဝိပဿနာကိုယ်တွေ့
(လွတ်မြောက်သူတို့၏ အမှာစကားများနှင့် အခြားဆောင်းပါးများ)
~~~~~~~~~~
စာရေးသူ-ဒေါက်တာအောင်မြင့် ၊
ဒေါက်တာခင်စန်းမော်
စာမျက်နှာ-160
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.